Tuesday, March 27, 2012

ခလေး၃ယောက်ရှိသောမိသားစုကိုပြိုကွဲအောင်လုပ်သော လူယုတ်မာတဦး (မိန်းမတိုင်းအပျိုအအိုအားလုံးဝေးဝေးရှောင်သင့်သောလူယုတ်မာ)

                                    

                                              ကိုလတ်(ခ)သိန်းကိုကိုလတ်(ခ) Eddie


နယူးယောက်မြို့ တွင် ပိုင်းလုံး ၊ ချီးထုတ် ဟုမြန်မာ အသိုင်းအဝိုင်းတွင်အထူးနံမည် ကျော်ကြားနေသော လူယုတ်မာ တဦးကြောင့် ခလေး၃ယောက်ရှိပြီးအနှစ်၂၀ ကျော်ပေါင်းသင်းနေထိုင်ခဲ့ သော မိသာစု တခုပျက်စီးခဲ့ ရပါသည်။ လူယုတ်မာ ရဲ့ နံမည်က ကိုလတ်၊(ခ) သိန်းကိုကို လတ် (ခ) Eddie ဖြစ်ပါသည်။

ကျွန်တော်တို့ ရဲ့ အိမ်ထောင်သက်တန်း အနှစ်၂၀ ကျော်ရှိပါပြီ။ ကျွန်တော်တွင်သမီး ၃ယောက်ရှိပြီး အကြီးဆုံးသမီးတောင် တက္ကသိုလ် တွင်တက်ရောက်နေပါ ပြီ။ သမီးအလတ်ကတော့ အသက်၁၈နှစ်အောက်မှာဘဲ ရှိပြီး သမီးအငယ်ဆုံးကတော့ အသက် ၁၀နှစ်အောက်မှာဘဲ ရှိပါသေးတယ်။

၂၀၀၉နှစ်ကုန်ခါနီးတွင် ကျွန်တော်အိမ်မှာ မြန်မာပြည်မှ ရောက်လာသော အဆိုတော်များနှင့် Lazy Club တီးဝိုင်းအဖွဲ့ သားများအား ကြို့ဆိုတဲ့ ဧည့်ခံပွဲ ညစာစားပွဲ တခုပြုလုပ်ခဲ့ပါသည်။ အဲဒီ ညစာစားပွဲ ကျင်းပနေသော အချိန်တွင် လူယုတ်မာ သည် သူငယ်ချင်းတယောက်နှင့် လိုက်လာပြီး အိမ်ကို ရောက်ရှိလာခဲ့ပါသည်။ အိမ်ကို ရောက်လာတဲ့အချိန်တွင် ကျွန်တော်တို့ အနှစ်၂၀ကျော် မျှကာလအတွင်း ကြိုးစားရှာဖွေူထားသော ပိုင်ဆိုင်မှုတွေကို သိရှိသွားပြီးနောက် ၎င်း လူယုတ်မာ သည် ကျွန်တော့်ခလေး တွေရဲ့ မိခင်ကို စတင်ပြီးရင်းနှီးအောင် ကြိုးစားခဲ့ပါသည်။

၂၀၁၀ ခုနှစ် May လ ၂၉ရက်နေ့ တွင် လူယုတ်မာ သည် ကျွန်တော့်ခလေးတွေရဲ့မိခင်ကို Face Book ကနေ ဆက်သွယ်မှုပြုလုပ်ခဲ့ပါသည်။ ၎င်း လူယုတ်မာ ရဲ့ Face Book နံမည်က Hain Htet Lu ဖြစ်ပါသည်။  ၂၀၁၀ ခုနှစ် July လ အလယ်လောက်တွင် ကျွန်တော့်ခလေးတွေရဲ့မိခင်ကို လူယုတ်မာ က သူ အလုပ်လုပ်သော အရက်ဆိုင်သို့ လာဖို့ ခေါ်ခဲ့ပါသည်။  သူမက သူ အလုပ်လုပ်သော အရက်ဆိုင်သို့ သွားဖို ငြင်းဆန်ရ်ျ သူမရဲ့ အလုပ်ရှိရာသို့ နေတိုင်းလိုက်သွားပြီး သွားတွေ့ ရ်ျ ရင်းနှီးမှုရရှိအောင် ဖန်တီးယူခဲ့ပါသည်။ အဲဒီနောက်ပိုင်းတွင် ၎င်း လူယုတ်မာ သည် သူမနှင့် ရင်းနှီးမှုရရှီအောင်နည်းမျိုးစုံ နှင့်အမြဲ ဆက်သွယ်မှုပြုခဲ့ပါသည်။

၂၀၁၀ ခုနှစ် ဇူလိုင်လတွင် လူယုတ်မာ သည် ကျွန်တော့်ခလေးတွေရဲ့မိခင်ကို နည်းမျိုးစုံ နှင့် လိမ်လည်ဖျားယောင်း

သွေးဆောင်ပြီး သူ့ ကို Bank တွင်သူမ ရဲ့နံမည်နှင့် Bank Account တခု ဖွင့်ပေးဖို့ တောင်းဆိုရာ သူမက လူယုတ်မာ လိမ်လည် လှည့်ဖျားပြေဆို တာ ကို ယုံကြည်ပြီး Capital One Bank တွင် Bank Account တခု ဖွင့်ပေးခဲ့ပါသည်။ သူမ ဆီကိုလည်း Telephone ခဏ ခဏ ဆက်ပြီး Text Messages ကို လည်း ညတခေါင် ၂နာရီ အထိ နှင့် မနက် စောစော ၄ နာရီမှစရ်ျ ဆက်သွယ်မှုပြုခဲ့ပါသည်။

အဲဒီ အချိန်တွင်လူယုတ်မာ အကြောင်းကို စုံစမ်းကြည့်တော့ နယူးယောက် မှာရှိသော မိန်းမတွေအတော်များများ (အပျို အအို မရှောင်) ကို ရရင် ရသလို သူရဲ့ ရုပ်ရည်ကို ဗန်းပြပြီး ဖျားယောင်းသွေးဆောင် လိမ်ညာနေသော ပိုင်းလုံး၊ ချီးထုတ် လူယုတ်မာဆို ပြီး နယူးယောက် တမြို့ လုံးမှာ ရှိသော မြန်မာ အသိုင်းအဝိုင်း တွင် အလွန်နံမည်ကျော်ကြားနေမှန်းသိ ရှိရပါသည်။ တချိန်တည်းမှာဘဲ ၎င်း လူယုတ်မာ တွင် ရည်းစားတယောက်ရှိပြိး သူ့ ရဲ့ ရည်းစား ရဲ့ ဗိုက်ထဲ တွင် လူယုတ်မာရဲ့ သွေးသားကို ကိုယ်ဝန်ဆောင်ထားတာ ၃လကျော်ရှိပြီ ဆိုတာ သိရှိခဲ့ရပါသည်။ သူ့ ရဲ့ရည်းစား ဗိုက် ထဲက သူရဲ့ခလေး ကို တောင်ဂရုမစိုက်ဘဲ သူ့ ရဲ့ရည်းစားကို ပြစ်ပြီး သူ့ နဲ့ အသက်၁၈နှစ်ပို ကြီးသော သူ အမေ အရွယ် ကျွန်တော့်ခလေးတွေရဲ့မိခင်ကို အကြံအဖန် ကြာကူလီ လုပ်ခဲ့ပါသည်။

ကျွန်တော့်ခလေးတွေရဲ့ မိခင်ဟာ လူယုတ်မာရဲ့ အမေ အရွယ်လောက်ရှိပါတယ်။

နောက်ဆုံးတွင် ကျွန်တော့် ခလေးတွေရဲ့ မိခင်ဟာ လူယုတ်မာ ရဲ့ဖျားယောင်း လိမ်လည် သိမ်သွင်းမှုကြောင့် လူယုတ်မာ ကို ချစ်ကြိုက်သွားခဲ့ပါသည်။

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၄ရက်နေ့ ည ၈နာရီခွဲ လောက်တွင် လူယုတ်မာ နှင့် ကျွန်တော့်ခလေးတွေရဲ့မိခင် တို့ ရဲ့ ရည်းစား စကား ပြောသော Phone Text Messages ကို သူမ ကိုင်ဆောင်အသုံးပြုနေသော Telephone တွင်ကျွန်တော် မိခဲ့ပါသည်။

ကျွန်တော်ရဲ့ ခလေး ၃ ယောက် ရှေးရေး ကို ငဲ့ညှာပြီး အနှစ် ၂၀ ကျော်ပေါင်းလာခဲ့သော အိမ်ထောင် ရေးကို မပြိုကွဲအောင် ကျွန်တော်နည်းမျိုးစုံ ကြိုးစားခဲ့ပါသည်။ ၎င်း လူယုတ်မာ ရဲ့ အကြောင်းကို ကျွန်တော်ကိုယ်တိုင်နှင့် ကျွန်တော့် သူငယ်ချင်းတွေမှ တဆင့် ကျွန်တော့်ခလေးတွေရဲ့မိခင်ကို သိအောင်ပြောပြခဲ့ပါသည်။  သူမ ကိုလည်း ခလေး ၃ယောက်ကို လည်း ငဲ့ညှာဖို့ ၊ လူယုတ်မာ နဲ့ အဆက်အသွယ် ဖြတ်ပြီး ကျွန်တော်တို့ မိသားစု ဆီကို ပြန်လာဖို့ နည်းမျိုးစုံး ကြိုးစားသော်လည်း သူမ သည် လူယုတ်မာ ရဲ့ လိမ်ညာ လှည့်ဖျားမှုအောက်မှ ဘယ်လို မှရုန်းထွက်လို့  မရဘဲ လူယုတ်မာကို လူ သူတော်ကောင်းထင် ပြီး ကျွန်တော်တို့ မိသားစု ဆီကို ပြန်မလာ တဲ့အပြင် လူယုတ်မာ နဲ့  ပေါင်းပြီး ကျွန်တော်တို့ မိသားစုကို တောင်မှ နည်းမျိုးစုံ နဲ့ ဒုက္ခပေးလာ ရ်ျ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး  ၂၀၁၀ ခုနှစ် October လ ဆန်းတွင် သူမကို ကွားရှင်းဖို့ တရားရုံးတွင် Divorce file လိုက်ရပါတယ်။

အဲဒီ အချိန်မှ စပြီး လူယုတ်မာ ၊ ပိုင်းလုံး ၊ ချီးထုတ် ဆိုတဲ့ သူဟာ သူ့ ရဲ့ ကိုယ်ဝန်၃လ ရှိတဲ့ သူ့ ရဲ့ရည်းစားဗိုက်ထဲမှာရှိသော ကိုယ်ရဲ့သွေးသားဖြစ်လာမဲ့ ကိုယ်ရဲ့ ခလေးကို တောင်မှ ဂရု မစိုက်ဘဲ သူ ရဲ့ရည်းစားကို ပြစ်ပြီး သူရဲ့ အမေအရွယ် ရှီ သော ကျွန်တော့်သမီးတွေရဲ့ မိခင်ကို ကြာကူလီလုပ်ခဲ့လို့ ကျွန်တော်တို့ အနှစ် ၂၀ ကျော် တည်ဆောက်ခဲ့ပြီး ပျော်ရွင်စွာ ပေါင်းသင်းလာခဲ့သော ခလေး၃ယောက်ရှိသော မိသားစုသည် ပြိုကွဲ ပျက်စီးခဲ့ရပါသည်။

ကျွန်တော်တို့ မိသားစု ပြိုကွဲမှုကြောင့်စိတ်အထိအခိုက်ဆုံးကတော့ ကျွန်တော့် သမီး၃ယောက်ဘဲ ဖြစ်ပါသည်။ အသက်၁၀နှစ် အောက် ကျွန်တော့် သမီး အငယ်ဆုံး သည် သမီး ယောက် ထဲတွင် စိတ်အခံစားရဆုံးဖြစ်ပါသည်။

ကျွန်တော် အခုလို ဒီစာကို ရေးရခြင်းအဓိက ရည်ရွယ်ခက်ကတော့  ၎င်း လူယုတ်မာ ၊ ပိုင်းလုံး ။ ချီးထုတ် ကြောင့် တခြား တခြားသော မြန်မာ မိသားစု မှ သားသမီးများ ကျွန်တော် သမီးတွေ ခံစားရသလို အဖြစ်မျိုး မကြုံစေရန် ၊ ကျွန်တော်တို့ ရဲ့ အိမ်ထောင်ပျိုကွဲ သလို တခြား တခြား သော မြန်မာမီသားစုများ ရဲ့ အိမ်ထောင်စု မပြိုကွဲရလေအောင် နှင့် ကျွန်တော့်သမီးတွေရဲ့ မိခင်လို လူယုတ်မာ ၊ ပိုင်းလုံး ၊ ချီးထုတ် ရဲ့ လိမ်လည် လှည့်ဖျား ခံရပြီး ဘဝ ပျက်တဲ့အဖြစ်မျိုးကို  ကျွန်တော်တို့ မြန်မာအမျိုးသမီးများ မကြုံ ရလေအောင် ကျွန်တော်ကိုယ်တိုင်အနစ်နာ ခံပြီး ရေးသားရ ခြင်းဖြစ်ပါသည်။

ကျွန်တော်တခု အကူအညီ တောင်းချင်တာကတော့ ဒီစာကို ဖတ်ပြီးသူ မိတ်ဆွေများသည် နောက်နောင် အဲဒီလူယုတ်မာ ၊ ပိုင်းလုံး ၊ ချီးထုတ် ကြောင့် နောက်ထပ်ဆက်ပြီး ကျွန်တော့်တို့  မြန်မာ အမျိုးသမီးကောင်း များ ဒုက္ခမရောက်ရလေ အောင်၊ မိသားစုများနောက်ထပ် မပျိုကွဲရလေအောင် ၊ အပြစ်ကင်းစင်သော ခလေး များ စိတ်ခံစားမှုများမခံစားရလေအောင် ဝိုင်းဝန်းကူညီ တဲ့ အနေနဲ့  ဒီစာ နှင့် ဒီ အကြောင်းအရာ ကို  မိမိတို့ တတ်အားတရွေ့  ကူညီပြီး ဖြန့် ဝေပေးစေချင်ပါသည်။

အထူးသဖြင့် အရွယ်မရောက်သေးသော မိန်းကလေးမှ စရ်ျ အပျို ၊ အအို  မိန်းမ အားလုံးတို့ သည် မိမိတို့ ရဲ့ ဘဝကို ၎င်း လူယုတ်မာကြောင့် မပျက်စီးရအောင် ၎င်း လူယုတ်မာ ၊ ပိုင်းလုံး ။ ချီးထုတ် နှင့် ဝေးဝေး ရှောင်ကြပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

https://www.facebook.com/note.php?note_id=399005356794251





ကိုဝေလထံမှ ကိုဇော်လတ်သို့ပေးစာ


ကိုဇော်လတ် ခေါ် ကိုသောင်းဇော်ရေ

အခုအချိန်မှာ ကိုဇော်လတ်ကတော့ ငါအားလုံးကို လှိမ့်ပတ်ပြီးရှောင်သွားနိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပီတိဖြစ်နေမလား၊ ဒါမှမဟုတ် ကိုယ့်မြန်မာအချင်းချင်းတွေထံက လိမ်လည်သွားတဲ့ ငွေတွေ၊ လက်ဝတ်လက်စားတွေ၊ နိုင်ငံခြားသားရတနာကုန်သည်တွေထံက လိမ်လည်သွားတဲ့ စိန်တွေ၊ ရွှေချောင်းတွေကို ထိုင်ကြည့်ရင်း ငါတော့ထောပြီဆိုပြီးဘဲ ဝမ်းသာပျော်ရွှင်နေမလားဘဲ။

မလုပ်ကောင်းတဲ့ကိစ္စတွေပါကိုဇော်လတ်။

ကိုဇော်လတ်အခုလိမ်သွားတာက ကိုယ်မြန်မာတွေနိုင်ငံခြားမှာ နှစ်နဲ့ချီပင်ပင်ပမ်းပမ်းလုပ်ကိုင်ပြီး ချွေးနဲစာနဲ့ ရှာဖွေစုဆောင်းထားကြရတဲ့ ငွေတွေ၊ လက်ဝတ်လက်စားတွေပါ။ အဲလို ချွေးနဲစာနဲ့ ရှာဖွေထားတာတွေ လူလိမ်ခံရတဲ့အခါ ခံရတဲ့သူတွေ စိတ်ဆင်းရဲဒုက္ခရောက်ကြ မယ်။ ဒေါသအမျက်ထွက်ကြမယ်။ အဲဒီအချိန်မှာ ကိုဇော်လတ်တယောက် ဘယ်လိုစိတ်ထားမျိုးနဲ့ ဒီငွေတွေကို သုံးစွဲနိုင်မှာလဲ။

ကိုဇော်လတ်လိမ်သွားတာက မြန်မာတွေသာမက၊ နယူးယောက်က ကျောက်တန်းလို့လူသိများတဲ့ စိန်၊ ကျောက်မျက်မျိုးစုံနဲ့ ရွှေထည်တွေ လက်ကား၊ လက်လီရောင်းတဲ့ အရပ်က အိန္ဒိယလူမျိုး၊ ဂျုးလူမျိုး နဲ့ ရုရှလူမျိုး ကျောက်ကုန်သည်တွေလည်းပါနေတယ်။ ကျောက်တန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအများကြီးပါ။ ကျောက်မျက် အသယ်အပို့လုပ်တဲ့သူတွေ၊ စာရင်းဇယားကိစ္စလုပ်တဲ့သူတွေက၊ အလုပ်က မီးခံသေတ္တာသော့ကိုပါ ကိုင်တွယ်ပြီး အလုပ်ကိုစီမံခန့်ခွဲရသူ စသဖြင့်နေရာအသီးသီးမှာလုပ်ကိုင်နေကြတာပါ။ မြန်မာတွေဟာ အစဉ်အဆက် ယုံကြည်စိတ်ချရတယ်ဆိုတဲ့ အခြေခံနဲ့ အလုပ်ရှင်တွေက မြန်မာတွေကိုဦးစားပေးပြီး ခန့်ထားကြတာပါ။

ကိုဇော်လတ်ပစ္စည်းတွေလိမ်ပြီးထွက်ပြေးသွားတဲ့ကိစ္စက ဒီကဆက်စပ်နေတဲ့ ကျောက်ကုန်သည်တွေကြားမှာ ဂယက်ရိုက်နေပါပြီ။ မြန်မာ တွေကိုအစဉ်အဆက် ယုံကြည်စိတ်ချရနေရာက ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတိထားဆက်ဆံရမှာလားဆိုတဲ့ သံသယမေးခွန်းတွေ ကြားနေရပါပြီ။ ကျောက်တန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအတွက်အများကြီးထိခိုက်တယ်။ မျက်နှာငယ်စရာဖြစ်ရတယ်။ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုတ်သလိုပါဘဲ။ ဒီအတွက် မြန်မာအသိုင်းအဝိုင်းအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်ကြဖို့ လည်း တိုင်ပင်နေကြပါတယ်။

အခုအလိမ်ခံရတဲ့သူတွေထဲမှာ ကိုယ်ညံ့လို့ကိုယ်ခံရတာ၊ ဒါမှမဟုတ်လည်း သြော် ကိုယ့်ကုသိုလ်ပါဘဲဆိုစိတ်ဖြေပြီး ကာလတခုမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်သူတွေပါသလို၊ ကိုယ့်ရဲ့ယုံကြည်မှုကို လက်တလုံးခြားလုပ်သွားလို့ ခွင့်မလွှတ်နိုင်တဲ့သူတွေ၊ နောက်နောင်အခုလိုလုပ်ရပ်တွေမပေါ်ပေါက်အောင် ကာကွယ်တဲ့အနေနဲ့ မဟုတ်တာလုပ်တဲ့သူတွေအတွက် ပြေးစရာမြေမရှိဘူးဆိုတာ သက်သေပြချင်သူတွေ၊ ၁၀ နှစ်မကလို့ အချိန်ဘယ်လောက်ကြာကြာ ရေဖျားကုန်းဖျားရှာမယ်ဟေ့ ဆိုတဲ့သူတွေလည်းပါနိုင်ပါတယ်။

တဘက်ကလည်း မြန်မာအသိုင်းအဝိုင်းက ဒီလိုကိစ္စတွေကိုလုံးဝလက်မခံဘူး၊ ဒီလိုလုပ်တဲ့သူကို ဥပဒေဘောင်ထဲရောက်အောင် အားလုံးဝိုင်းဝန်းကြိုးစားနေကြတယ်ဆိုတာ ကျောက်တန်းကကုန်သည်များအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိအောင်လုပ်ဆောင် ကြဖို့လည်း တိုင်ပင်နေကြတယ်ကိုဇော်လတ်ရေ။

ပထမဆုံးအနေနဲ့ ကိုဇော်လတ်ဘယ်သူတွေစီက ဘယ်လောက်တန်ဖိုးတွေလိမ်သွားတယ်ဆိုတာ အနီးစပ်ဆုံးသိရအောင်စပြီးစုံစမ်း နေကြတယ်။ မြန်မာအချင်းချင်းစီကဘယ်လောက်၊ ဘယ်ကျောက်ကုန်သည်တွေစီက ဘယ်လောက်၊ ဘာပစ္စည်းဆိုတာတွေကို Memo, Invoice စာရွက်စာတမ်းအတိအကျ နဲ့တကွရအောင်လုပ်နေကြပါတယ်။ ကိုဇော်လတ်အရင်အလုပ်လုပ်ခဲ့တဲ့ သူဠေးနဲ့အခြားအချို့ထံက ရပြီးပါပြီ။ သူတို့လည်းတဆင့်တဆင့် ဆက်စုံစမ်းနေကြတယ်။ အဲဒီစာရင်းတွေကို Web Page တခုဖန်တည်းပြီး စုတင်ထားပါမယ်။ နာမည်ရင်းကို မဖော်ပြလိုတဲ့ လိမ်ခံရသူတွေအတွက် ပစ္စည်းစာရင်းနဲ့ ခန့်မှန်းတန်ဖိုးကိုဘဲဖော်ပြလို့ရအောင်လုပ်ထားပါမယ်။ အဲဒီ Web Page မှာ ကိုဇော်လတ်ရဲ့ ဓာတ်ပုံတွေကိုပါ ပြည့်ပြည့်စုံစုံဖြစ်အောင် ပူးတွဲဖော်ပြထားပေးပါမယ်။ ကိုဇော်လတ်ကိုတွေ့တဲ့သူတွေ၊ ကိုဇော်လတ်သတင်းကြားတဲ့ သူတွေကိုလည်း Web Page မှာဖော်ပြထားတဲ့ ဆက်သွယ်ရန်လိပ်စာကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံသွားပါမယ်။ Web Page ရဲ့သက်တမ်းကတော့ ကိုဇော်လတ်ဥပဒေဘောင်ထဲရောက်တဲ့အထိပါ။ အဲလိုဖြစ်အောင်လည်း အဆင့်ဆင့်ဝိုင်းဝန်းကြိုးစားမယ့် နိုင်ငံတကာက Volunteers တွေကို Web Page ကတဆင့်ဖိတ်ခေါ်သွားပါမယ်။

နိုင်ငံခြားမှာ ငွေတွေလိမ်ပြီးထွက်ပြေးသွားတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ အဲဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် နဲ့ စနစ်တကျဝိုင်းလိုက်ကြရင် လိမ်သွားတဲ့သူကိုမိနိုင်၊ မမိနိုင်၊ မိရင်လည်း ဘယ်လောက်ကာလကြာမှ ဘယ်လိုမိတာလည်း၊ စတာတွေကလည်း သီးသန့်စိတ်ဝင်စားချင် စရာပါ။ အခုကိုဇော်လတ်ကိစ္စကိုလည်း ဝိုင်းဝန်းနေကြသူတွေ သတင်းအစအနနားစွင့်နေတာကအစ၊ နောက်ဆုံးရှာတွေ့တဲ့အထိ အဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားပြီး Documentary တခုဖြစ်အောင်လည်းလုပ်ဆောင်သွားပါမယ်။ နိုင်ငံအသီးသီးမှာနေထိုင် နေကြတဲ့ မြန်မာအသိုင်းအဝိုင်းအသီးသီးက ကိုဇော်လတ်လိုလူတွေကို အချဉ်ပေါက်နေကြတော့ သိုင်းမယ့်ဝိုင်းမယ့်သူတွေများမယ် လို့လည်းမျှော်လင့်ပါတယ်။

ကျန်နေတာတွေတော့ နောက်မှထပ်ပြောပါဦးမယ်။

အခုတော့ ပြေးပေဦးတော့ကိုဇော်လတ်ရေ။ ပြေးပေဦးတော့။

တကယ်တော့ ကမ္ဘာကြီးကကျဉ်းပါတယ်။

ကိုဝေလ

ဒေါ်လာ ၂ သန်းလိမ် ပြီး မြန်မာ ပြည်ပြန် ပြေး ခြင်း

From:We Fight We Win
ကျနော်တို့ ဘလော့သို့ရောက်ရှိလာတဲ့တိုင်ကြားချက်များကိုဖေါ်ပြပေးလိုက်ပါတယ်။
နယူးယောက်မြို့ရဲ့ကျောက်မျက်ရတနာစီးပွားရေးလုပ်ငန်းရပ်ကွက်မှာမြန်မာလူမျိုးများဟာ
ယုံကြည်စိတ်ချရတယ်ဆိုတဲ့နာမည်ကောင်းနဲ့ဝင်ရောက်အလုပ်လုပ်ကိုင်နေခဲ့ကြတာ
ကြာမြင့်ခဲ့ပြီဖြစ်ပြီးမြန်မာလူမျိုးအငယ်စားကျောက်မျက်လုပ်ငန်းရှင်များပင်ရှိနေခဲ့ကြပါတယ်။

ယခုနှစ်ပိုင်းများမှာ မြန်မာပြည်ဖွား တရုပ်၂ဦးကလိမ်လည်မှုများပြုလုပ်ခဲ့တဲ့အတွက်မြန်မာလူမျိုးများရဲ့
နာမည်ကောင်းနဲ့ဂုဏ်သိက္ခာကိုထိခိုက်ရမဲ့အဖြစ်မျိုးကြုံတွေ့နေရပါတယ်။

                                                           ဇော်လတ်(ခေါ်)သောင်းဇော်
                                                            လူမျိုး-  မြန်မာ-တရုတ် အနွယ်။ 
                                                            အသက် - ၄၀ ခန့်   ။ 
                                                            ထူးခြားမှု- ထိပ်ပြောင်တယ်။ 

ယခုမတ်လလဆန်းပိုင်းက ဇော်လတ်(ခေါ်)သောင်းဇော် က ကျောက်မျက်ရတနာစီးပွားရေးလုပ်ငန်းရပ်ကွက်မှာ
မြန်မာလူမျိုးများနှင့်အမေရိကန် ကျောက်မျက်လုပ်ငန်းရှင်များထံမှဒေါ်လာနှစ်သန်းခန့်
လိမ်လည်ပြီးမြန်မာပြည်ကိုထွက်ပြေးသွားခဲ့ပါတယ်။
 
 
                                                               မိုးမြတ်နွယ်(ခေါ်)မိုးမိုး 
 
 
ပြီးခဲ့တဲ့နှစ်ကလည်း    မိုးမြတ်နွယ်(ခေါ်)မိုးမိုး က မြန်မာလူမျိုးစီးပွားရေးလုပ်ငန်းရှင်များထံမှ
ဒေါ်လာ၂သိန်းခန့်လိမ်လည်ပြီးမြန်မာပြည်ကိုထွက်ပြေးသွားခဲ့ပါတယ်။ 

တချိန်က နယူးယောက် ရတနာကုမဏီ တွေ မှာ မြန်မာ တွေ ဟာ အလွန်နာမည်ကောင်းရကြပါတယ်။ မြန်မာ တွေကိုယုံကြည်စိတ်ချ စွာအလုပ်ခန့်ကြတယ်။ 
ဘာဖြစ်လို့ လဲဆိုတော့ အလုပ်ကြိုးစားကြတယ်။ ရိုးသားကြတယ်။ ရောက်လာတဲ့သူတွေက 
ကိုယ်တိုင်းပြည် ဆင်းရဲ လို့ ရောက်လာကြပေမဲ့  မြန်မာ နိင်ငံမှာ တော့ နာမည်ကောင်းရှိတဲ့
သူတွေ ပညာတတ်ကြတဲ့သူတွေဖြစ်နေလို့ ပါပဲ။ ဒါကြောင့် ကိုယ်နိင်ငံဂုဏ်သိက္ခာကိုတက်စေခဲ့
ပါတယ်။ ဒါပေမဲ့   သူတို့ လို လူမျိုးတွေကြောင့် နာမည် ဆိုးထွက်ရမလိုဖြစ်နေကြပါပြီ။ ရတနာကုန်သည်တယောက်က ဆိုရင် မင်းတို့ နိင်ငံမှာ ကျောက်သွားဝယ်တာ လူလိမ်တွေခြည်းပဲလို့  တောင်ပြောတာခံရပါတယ်။ 

အလိမ် ခံရတဲ့  မိတ်ဆွေ တွေကို အကြံပြုလိုတာကတော့ အမေရိကန် ရဲ စခန်းတခုခုကိုအကြောင်းကြားပြီး အမှု ဖွင့်နိင်ပါတယ်။ သူကို အမေရိကန်ရဲ ကမှတဆင့်မြန်မာသံရုံးကိုအကြောင်းကြားပြီး အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိင်ပါတယ်။ 
အလိမ်ခံရတဲ့သူတွေထဲမှာ မြန်မာ တွေလဲ ပါတယ်လို့ သိရပါတယ်။


ဦးသိန်းစိန် က ပြည်ပရောက်တွေပြန်လာခွင့်ရပြီ လို့ ဆိုတဲ့ ပေါ်လစီဟာ လောလောဆယ်မှာတော့  ပြည်ပရောက် ဇော်လတ်တို့ ၊ မိုးမိုးတို့ လို လူလိမ် တွေ အတွက်  ဖြစ်နေပါတယ်။ ကျနော်တို့ လေ့လာသိရှိရသလောက် တကယ်နိုင်ငံရေး
မှာ ကိုယ်ကျိုးစွန့် လုပ်ကိုင်လာသူတွေကို တော့ ပြန်နိုင်ဖို့  ခက်နေတုံးလို့ သိရပါတယ်။