Tuesday, March 27, 2012

ဒေါ်လာ ၂ သန်းလိမ် ပြီး မြန်မာ ပြည်ပြန် ပြေး ခြင်း

From:We Fight We Win
ကျနော်တို့ ဘလော့သို့ရောက်ရှိလာတဲ့တိုင်ကြားချက်များကိုဖေါ်ပြပေးလိုက်ပါတယ်။
နယူးယောက်မြို့ရဲ့ကျောက်မျက်ရတနာစီးပွားရေးလုပ်ငန်းရပ်ကွက်မှာမြန်မာလူမျိုးများဟာ
ယုံကြည်စိတ်ချရတယ်ဆိုတဲ့နာမည်ကောင်းနဲ့ဝင်ရောက်အလုပ်လုပ်ကိုင်နေခဲ့ကြတာ
ကြာမြင့်ခဲ့ပြီဖြစ်ပြီးမြန်မာလူမျိုးအငယ်စားကျောက်မျက်လုပ်ငန်းရှင်များပင်ရှိနေခဲ့ကြပါတယ်။

ယခုနှစ်ပိုင်းများမှာ မြန်မာပြည်ဖွား တရုပ်၂ဦးကလိမ်လည်မှုများပြုလုပ်ခဲ့တဲ့အတွက်မြန်မာလူမျိုးများရဲ့
နာမည်ကောင်းနဲ့ဂုဏ်သိက္ခာကိုထိခိုက်ရမဲ့အဖြစ်မျိုးကြုံတွေ့နေရပါတယ်။

                                                           ဇော်လတ်(ခေါ်)သောင်းဇော်
                                                            လူမျိုး-  မြန်မာ-တရုတ် အနွယ်။ 
                                                            အသက် - ၄၀ ခန့်   ။ 
                                                            ထူးခြားမှု- ထိပ်ပြောင်တယ်။ 

ယခုမတ်လလဆန်းပိုင်းက ဇော်လတ်(ခေါ်)သောင်းဇော် က ကျောက်မျက်ရတနာစီးပွားရေးလုပ်ငန်းရပ်ကွက်မှာ
မြန်မာလူမျိုးများနှင့်အမေရိကန် ကျောက်မျက်လုပ်ငန်းရှင်များထံမှဒေါ်လာနှစ်သန်းခန့်
လိမ်လည်ပြီးမြန်မာပြည်ကိုထွက်ပြေးသွားခဲ့ပါတယ်။
 
 
                                                               မိုးမြတ်နွယ်(ခေါ်)မိုးမိုး 
 
 
ပြီးခဲ့တဲ့နှစ်ကလည်း    မိုးမြတ်နွယ်(ခေါ်)မိုးမိုး က မြန်မာလူမျိုးစီးပွားရေးလုပ်ငန်းရှင်များထံမှ
ဒေါ်လာ၂သိန်းခန့်လိမ်လည်ပြီးမြန်မာပြည်ကိုထွက်ပြေးသွားခဲ့ပါတယ်။ 

တချိန်က နယူးယောက် ရတနာကုမဏီ တွေ မှာ မြန်မာ တွေ ဟာ အလွန်နာမည်ကောင်းရကြပါတယ်။ မြန်မာ တွေကိုယုံကြည်စိတ်ချ စွာအလုပ်ခန့်ကြတယ်။ 
ဘာဖြစ်လို့ လဲဆိုတော့ အလုပ်ကြိုးစားကြတယ်။ ရိုးသားကြတယ်။ ရောက်လာတဲ့သူတွေက 
ကိုယ်တိုင်းပြည် ဆင်းရဲ လို့ ရောက်လာကြပေမဲ့  မြန်မာ နိင်ငံမှာ တော့ နာမည်ကောင်းရှိတဲ့
သူတွေ ပညာတတ်ကြတဲ့သူတွေဖြစ်နေလို့ ပါပဲ။ ဒါကြောင့် ကိုယ်နိင်ငံဂုဏ်သိက္ခာကိုတက်စေခဲ့
ပါတယ်။ ဒါပေမဲ့   သူတို့ လို လူမျိုးတွေကြောင့် နာမည် ဆိုးထွက်ရမလိုဖြစ်နေကြပါပြီ။ ရတနာကုန်သည်တယောက်က ဆိုရင် မင်းတို့ နိင်ငံမှာ ကျောက်သွားဝယ်တာ လူလိမ်တွေခြည်းပဲလို့  တောင်ပြောတာခံရပါတယ်။ 

အလိမ် ခံရတဲ့  မိတ်ဆွေ တွေကို အကြံပြုလိုတာကတော့ အမေရိကန် ရဲ စခန်းတခုခုကိုအကြောင်းကြားပြီး အမှု ဖွင့်နိင်ပါတယ်။ သူကို အမေရိကန်ရဲ ကမှတဆင့်မြန်မာသံရုံးကိုအကြောင်းကြားပြီး အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိင်ပါတယ်။ 
အလိမ်ခံရတဲ့သူတွေထဲမှာ မြန်မာ တွေလဲ ပါတယ်လို့ သိရပါတယ်။


ဦးသိန်းစိန် က ပြည်ပရောက်တွေပြန်လာခွင့်ရပြီ လို့ ဆိုတဲ့ ပေါ်လစီဟာ လောလောဆယ်မှာတော့  ပြည်ပရောက် ဇော်လတ်တို့ ၊ မိုးမိုးတို့ လို လူလိမ် တွေ အတွက်  ဖြစ်နေပါတယ်။ ကျနော်တို့ လေ့လာသိရှိရသလောက် တကယ်နိုင်ငံရေး
မှာ ကိုယ်ကျိုးစွန့် လုပ်ကိုင်လာသူတွေကို တော့ ပြန်နိုင်ဖို့  ခက်နေတုံးလို့ သိရပါတယ်။ 

No comments:

Post a Comment